မြင်းမူမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်းPeacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြင်းမူမြို့နယ်တွင် ကြေးနီကားများကို လုံခြုံပေးရန် တို့မြန်မာကျော်ဆီဆိုင် နှင့် Max ဆီဆိုင်တွင် ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ ဗုံးသီး ၁၀ လုံးကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများထဲမှာ ပြင်းထန်ဒဏ်ရာရသူ ၂ ဦးကို နမခ ထဲကို သယ်ဆောင်သွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လုံခြုံရေး ယူထားသည့် အဆောက်အဦးလည်း ပျက်စီးမှုရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို PEACOCK Drone Team-Myaungနှင့်အတူ Standard Revolution Force SRF-MMU ၊ National Security Force. NSF.SGG ၊ Dog Killer People Defense Force နှင့် မြင်းမူမြို့နယ် ပ.က.ဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။