25 C
Yangon

တရုတ်၏ တောင်းဆိုမှုအရ MNDAA က ဇူလိုင်လ ၁၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရန် ညွှန်ကြား

Must read

တရုတ်၏ တောင်းဆိုမှုအရ MNDAA က ဇူလိုင်လ ၁၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရန် ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၂၀

တရုတ်၏ တောင်းဆိုမှုအရ MNDAA က ဇူလိုင်လ ၁၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရန် MNDAA က ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်နှင့် စစ်ပွဲများ ရပ်တန့်ရေး တောင်းဆိုချက်ကို တက်ကြွစွာ တုံ့ပြန်ရန်အတွက် ကိုးကန့်တပ်မတော်(MNDAA) က ဇူလိုင် ၁၉ရက်နေ့မှ ဇူလိုင် ၃၁ရက်နေ့ အထိ ထိုး လက်ရှိရောက်ရှိနေရာများတွင် ဆက်လက်ခံစစ်ဆင်ရန်၊ မိမိဘက်မှ စစ်ဆင်ခြင်းများ ရပ်တန့်ရန် ၊ လေကြောင်းရန် ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ကြရန် MNDAA အောက်ခြေတပ်များအား ညွှန်ကြားချက်ထုတ်ပြန်သည်။

ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှု ခံရပါက ခုခံကာကွယ်သည့်အနေဖြင့် တိုက်ခိုက်မှုများ သင့်သလို ပြုလုပ်နိုင်ကြောင်း ညွှန်ကြားထားသည်။

“ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီနေ့ အထိ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲ။ လားရှိုးမြို့ထဲအထိတောင် ကိုးကန့်တပ်တွေက ဝင်နေပါတယ်”ဟု လားရှိုးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ-ကိုးကန့်ဒေသတွင် MNDAA တပ်ဖွဲ့များ ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article