28 C
Yangon

ဆားလင်းကြီးမြို့ပေါ် ရဲစခန်း၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ် တပ်စွဲ နေရာများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းရှိ ခမရ ၁၂ ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

Must read

ဆားလင်းကြီးမြို့ပေါ် ရဲစခန်း၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ် တပ်စွဲ နေရာများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းရှိ ခမရ ၁၂ ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် အကြမ်း ဖက်စစ်သားများ တပ်စွဲ ထားရာနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ ကြောင်း Chin Dwin Dynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ထံမှ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်မှ စ၍ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး ၊ ဆေးရုံ၊ မင်းကန်ကြီး ၊ တာဝတိံ သာကျောင်း တို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို Fixed Wings Dones များ၊ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ နှင့် ၁၂၀၀ မမ လက်နက်ကြီးများဖြင့် ဗုံး အလုံးရေ ၁၀၀ ကျော်ကို ၂ နာရီကျော်ကြာသည်အထိ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာများပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မြေပြင်မှ နေရာ ၃ ခုမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆေးရုံကုန်းမှ အကြမ်းဖက်စစ်သားများက စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း၊ ဘုန်း ကြီးကျောင်းအတွင်း တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ဆားလင်းကြီးမြို့နယ်၊ မင်းကန်ကြီးဘောင်တွင် အကြမ်း ဖက်စစ်တပ် ဘန်ကာကို ဒုတိယအကြိမ် ထပ်မံ တိုက် ခိုက် ခဲ့ရာ ကျည်ပြတ်လပ်မှုနှင့်ကြုံတွေ့ရကာ ကျည်ဖြည့်တင်းပြီးတိုက်ခိုက်ခဲ့ကြောင်း၊ ည ၇ နာ ရီ ခွဲခန့်အထိ အပြင်း အထန် တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုအတွင်း အထိနာသွား သော အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

‌အဆိုပါ တိုက်ခိုက်မှုကို Chin Dwin Dynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ၊ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ ၊ တပ်ခွဲ ၃ ၊ တောင်ပံနီအထူးပြောက် ကျားတပ်ဖွဲ့ (Saligyi)၊ ယင်းမာပင်ခရိုင် တပ် ရင်း ၃၅ ၊ တပ်ခွဲ ၃ ၊ တပ်စိတ် ၁ 5/Fighter (Monywa) ၊ Fighter Nine Force(Salinbgyi) ၊ SPDF (Salingyi) ၊ မျက်လုံးစစ်ကြောင်း ၊ သေမင်းတမန်အဖွဲ့၊ မျိုးဆက်သစ်လူငယ်အဖွဲ့ ၊ အာဏာ ရှင်တော် လှန်ရေးအဖွဲ့ ၊ SRAအောင်ကြီးအဖွဲ့ ၊ ဖီးနစ်အဖွဲ့ ၊ ဒေါင်းတမာန်အဖွဲ့ ၊ နောင်ကြီးအဖွဲ့ ၊ CDF ၊ ဗိုလ် ယက္ခ ၊ Under Ground အဖွဲ့၊ အာဠာဝကအဖွဲ့၊ ပ.လ.ဖ ၊ မဏိမြွေပွေး ၊ မုံရွာခရိုင်တပ်ရင်း၂၇ Black Dragon Doneအဖွဲ့ ၊ Brave Heart Army(BHA) ၊ Chindwin Fighter Group(C.F.G) နှင့် ဗမာလွတ် မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BNDF) အဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အလားတူ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီ၏ ခမရ ၁၂ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Phoenix Wingsအဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့ Phoenix Wings ဒုံး အဖွဲ့ နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ များက ကျောက်မြောင်းမြို့ရှိ ခမရ ၁၂ ကို ဒရုန်းဖြင့် ၆၀ မမ ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ခမရ ၁၂ ကလည်း လက်နက်ငယ်များဖြင့် ၁၅ မိနစ်ပစ်ခတ်ပြီး လက်နက်ကြီးဖြင့် ၄ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article