32 C
Yangon

ရွှေဘိုမြို့နယ်၊ ပန်းရုံရွာတွင် စစ်သားသစ် စုဆောင်းရန် အစည်းအဝေးလုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး

Must read

ရွှေဘိုမြို့နယ်၊ ပန်းရုံရွာတွင် စစ်သားသစ် စုဆောင်းရန် အစည်းအဝေးလုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရုံရွာတွင် စစ်သားသစ် စုဆောင်းရန် အစည်းအဝေးလုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Burmese Independent Army တည်ထောင်သူ ဗိုလ်သတ္တိ က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် မွန်းလွဲ ၁၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ပန်းရံရွာ စာကြည်တိုက်၌ ကျေးရွာနေ အမျိုးသားများကို အဓမ္မ ခေါ်ယူပြီး ဒုတိယ အကြိမ် စစ်မှုထမ်း‌ရန် အစည်းအဝေး ခေါ်ယူပြီး လယ် ၁ ဧက ၅၀၀၀၀ ကျပ် ဖိအားပေး ကောက်ခံခြင်းများ ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိနေသော ပစ်မှတ်များကို ဒရုန်း ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ပန်းရံရွာ ပျူစောထီး ခေါင်းဆောင် အောင်ကျော်သည် ဒရုန်း ဖြတ်တောက်ရေး စက်ကိုကိုင်ဆောင်ပြီး ကျေးရွာအတွင်း ဆဲဆို ကြိမ်းမောင်းကာ သေနတ် ပစ်ဖောက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး အစည်းအဝေးပွဲလည်း ပျက်သွားကြောင်း၊ စစ်ကောင်စီ တပ်သားများက တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲနေ့က ပြင်းထန် ဒဏ်ရာရတဲ့ ပျူစောထီး ၄ ကောင်သေတယ်လို့ ကြားတယ်။ အဲဒီနေ့က သူတို့ အစည်းဝေးလုပ်ကြမယ် သတင်းရလို့ မဟာမိတ်တွေ ချက်ချင်းစုပြီး တိုက်ခိုက်ရေးလုပ်ကြတာ ပြည်သူတွေကို အစည်းဝေးခေေါ်ပြီး စစ်မှုထမ်းရေးနဲ့ လယ် ၁ ဧက ၅သောင်း နှုန်း ဆက်ကြေးပေးဖို့ ခြိမ်းခြောက်ဖိအားပေးတာပေါ့။ ကျွန်တော်တို့ fixed wing drone တွေနဲ့ ဗုံးသီး ၄လုံးချလိုက်တာ နေရာကွက်တိကျတယ်။ အစည်းဝေးလည်းပျက်သွားတယ်။ သူတို့မှာ ဒရုန်းဖြတ်တောက်ရေး စက်ရှိလို့ ကျွန်တော်တို့ ရဲ့ ၂၈သိန်း တန် fixed wing drone ၁ စီး ဆုံးရှုံးခဲ့ရပါတယ်” ဟု Burmese Independent Army တည်ထောင်သူ ဗိုလ်သတ္တိ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့ နှင့်အတူ မဟာမိတ်များဖြစ်သော ကြောင်ရိုင်း(ရွှေဘို) ပကဖ ၊ ဗိုလ်မိချောင်း Shwebo Crocodile (ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ )၊ ဗိုလ်လင်းရောင်(ဒပယ) ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ EYE FOR EYE ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ Zay Yar Thawed (LPDF) ၊ shwebo Federal Army ၊ ရွှေဘိုအားမာန်(UG) ၊ HG FIghter (LPDF) ၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ – LPDF ၊ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြောင်ရိုင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် PDF တပ်ရင်း၊ Local PDF ၊ ပကဖ မခွဲခြားဘဲ မြေပြင်တွင် တကယ် လုပ်ဆောင်နေသည့် အဖွဲ့များကို ထိထိရောက်ရောက် ကူညီပေးကြရန် ၊ မစ်ရှင်များတွင် ကိုယ်တတ်နိုင်တဲ့နေရာမှ ပူးပေါင်းပေးကြရန်နှင့် ဒရုန်း ၁ စီး ဆုံးခဲ့သည့်အတွက် ထပ်မံဝယ်ယူနိုင်ရေး ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း Burmese Independent Army တည်ထောင်သူ ဗိုလ်သတ္တိ က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article