25 C
Yangon

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လတာ အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လတာ အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၂၅

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လတာ အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး PSLF/TNLA နှင့် မဟာမိတ်တပ်များ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ သည် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ၁ လ ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁ လတာ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၂၅ ဦးသေဆုံးကာ ၁၆၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၉၃ အိမ်၊ ဘုန်းကြီးကျောင်း ၈ ကျောင်း နှင့် စာသင်ကျောင်း ၇ ကျောင်း ထိခိုက် ပျက်စီးခဲ့ကောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ ၁ လတာအတွင်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၂၄ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် ကလေး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃၇ လုံး ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြို့နယ်တွင် အရပ်သား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦးသေဆုံးပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရရှိကာ အရပ်သားနေအိမ် ၁၃ လုံး ၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီး သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး ၈ ဦး၊ ကလေး ၉ ဦး၊ အမျိုးသား ၁၁ ဦး သေဆုံးပြီး အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၂ ဦးနှင့် ကလေး ၁၀ ဦးထိခိုက် ဒဏ်ရာရကာ လူနေအိမ် ၂၉ လုံး ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မိုးမိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ၊ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၂ ဦး ၊ ကလေး ၅ ဦးသေဆုံးပြီး အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၁ ဦးထိခိုက် ဒဏ်ရာရရှိကာ အရပ်သားနေအိမ် ၉ လုံး ၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၅ ဦး လက်နက်ကြီးစ ထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲ ၁ လတာအတွင်း အကြမ်းဖက် စစ်ကောင်စီက စစ်ရှုံး၍ အရပ်သားပြည်သူများရှိရာကို ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့မှုကြောင့် အရပ်သား စုစုပေါင်း ၁၂၅ ဦးသေဆုံးခဲပြီး ၁၆၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဒေသပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article