26 C
Yangon

သပိတ်ကျင်း၊ ချောင်းကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲမှု ပြည်သူ ၇ ဦးထက်မနည်း ထိခိုက် သေဆုံးပြီး နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီး

Must read

သပိတ်ကျင်း၊ ချောင်းကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲမှု ပြည်သူ ၇ ဦးထက်မနည်း ထိခိုက် သေဆုံးပြီး နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက် သေဆုံးပြီး နေအိမ် ၄၈ လုံး၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း Bo Linn Yone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ချောင်းကြီးရွာကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ Y-12 ဗုံးကျဲ လေယာဉ်ဖြင့် ၂၆ ကြိမ်၊ Mi-35 ဖြင့် ၁၄ ကြိမ်၊ Jet Fighter ဖြင့် ၁၁ ကြိမ် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄၈ လုံး ပျက်စီးခဲ့ပြီး လက်ရှိချိန်တွင် ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article