25 C
Yangon

စဉ့်ကူးမြို့နယ်၊ ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် ပျူစောထီး အများအပြားသေဆုံးပြီး PDF ၂ ဦးကျဆုံး

Must read

စဉ့်ကူးမြို့နယ်၊ ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် ပျူစောထီး အများအပြားသေဆုံးပြီး PDF ၂ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး အများအပြားသေဆုံးခဲ့ကြောင်း Phoenix Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ဗိုလ်လရောင်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် မှစတင်၍ စဉ့်ကူးမြို့နယ်၊ ရွာသာရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၃၀ အချိန် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ လက်နက်ချခြင်းမရှိသဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးအများအပြားသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

“လက်နက်တွေ သိမ်းမိတာရော၊ ဖမ်းမိတာရောရှိတယ်၊ တိုက်နေတဲ့ အချိန်မှာပဲ စက်လှေတွေနဲ့ ထွက်ပြေးသွားတာတွေလည်းရှိတယ်၊ စစ်ကူလာတာတွေ၊ လက်နက်ကြီးပစ်ကူပေးတာတွေမရှိဘူး။ ရှိန်းမကားနဲ့ဆိုရင်သိပ်မဝေးဘူး။ Y 12 လေယာဉ်နဲ့ သုံးကြိမ်ရွာပေါ်ကို ပျံဝဲတာရှိပေမယ့် ဗုံးကျဲချတာ မျိုးတော့မရှိပါဘူး၊ စခန်းသိမ်းပိုက်ပြီးတော့ စခန်းကို မီးရှို့ဖျက်ဆီးထားခဲ့တာ၊ လက်နက်သိမ်းဆည်း ရရှိမှုနဲ့ စခသေဆုံးဖမ်းဆီးရရှိမှုကတော့ သက်ဆိုင်ရာတပ်ရင်းတွေကနေ ထုတ်ပြန်ပါလိမ့်မယ်” ဟု Phoenix Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း Phoenix Wings ဒရုန်းတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တပ်စွဲထားရာ ဘန်ကာများပေါ်သို့ ၆၀ မမ ဗုံး အလုံး ၂၀ ကို အလေ့အလွင့် မရှိ တိတိကျကျ ကျဲချနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း မဟာမိတ်တပ်ဖွဲ့မှ ဒရုန်းတစ်စီး Error ဖြစ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article