26 C
Yangon

ထိုင်းနိုင်ငံ၊ စမှုပကန်ခရိုင်ရှိ အွန်လိုင်းရုံတစ်ခုတွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၂၃ ဦးအတွက် ဥပဒေ အကာအကွယ်ရရှိရေး လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ထိုင်းနိုင်ငံ၊ စမှုပကန်ခရိုင်ရှိ အွန်လိုင်းရုံတစ်ခုတွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၂၃ ဦးအတွက် ဥပဒေ အကာအကွယ်ရရှိရေး လုပ်ဆောင်နေကြောင်း MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို မြန်မာနိုင်ငံသား အလုပ်သမား ၂၃ ဦးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက ပဋိပက္ခဖြစ်ပွားခဲ့မှုတချို့ကြောင့် အလုပ်မှ တစ်ရက် နားရန် တောင်းဆိုခဲ့ပြီး နောက်နေ့ အလုပ်ပြန်ဆင်းချိန်၌ ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရမှုအတွက် ဥပဒေအတိုင်း အကာအကွယ်ရရှိရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ စမူပကန်ခရိုင်တွင် ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံသားအချို့နှင့် မြန်မာနိုင်ငံသားအချို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအရှိန်ကြောင့် ထိုင်းနိုင်ငံအတွင်း ခရိုင်အချို့တွင် မြန်မာနိုင်ငံသားများ အပေါ် အကြောင်းမဲ့ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ထိုင်းနိုင်ငံသားအချို့၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စမူပကန်ရှိ မြန်မာလုပ်သားများ နေထိုင်ရာ နေရာအချို့သို့ လာရောက်မည်ကို သိရှိရ၍ မြန်မာအလုပ်သမားများက လုပ်ငန်းရှင် သူဌေးထံ အလုပ်နားရန်အတွက် သနားခံကာ အလုပ်နားခဲ့သည်ကို အလုပ်ရှင်ဖြစ်သူက ရုတ်တရက် အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလုပ်ရှင်က အလုပ်ကို ပေးမနားဘူး။ ဒါပေမယ့် တစ်ဖက်မှာကျ အလုပ်သမားတွေအတွက် အလုပ်လာတဲ့အခါ ထိခိုက်မှုတွေရှိလာရင်အတွက် ကာကွယ်မှုမရှိတော့ အလုပ် မသွားရဲကြဘူး။ ဒီတော့ သူတို့အလုပ်နားလိုက်ကြတယ်။ နောက်နေ့ပုံမှန်အတိုင်း အလုပ်သွားကျတော့ အလုပ်ထုတ်ပယ် ခံလိုက်ရတယ်ပေါ့” ဟု MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုသို့ မြန်မာလုပ်သား ၂၃ဦး အလုပ်ထုတ်ခံလိုက်ရမှုအတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နစ်နာသူ မြန်မာလုပ်သားများနှင့်အတူ သက်ဆိုင်ရာ နယ်မြေခံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး၌ ကူညီဆောင်ရွက်မှုများ ဥပဒေနှင့် အညီလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာလုပ်သားတွေအပေါ် ဥပဒေနဲ့အညီ ကူညီပေးလို့ ရနိုင်တာတွေအားလုံး အကူအညီပေးသွားမှာပါ” ဟု MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article