29 C
Yangon

ချောင်းဦးမြို့နယ်တွင် စစ်တပ် ကင်းပုန်းနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်တွင် စစ်တပ် ကင်းပုန်းနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Peacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး ကြေးနီကားသွားလာရန် ကင်းပုန်းယူပေးနေသော အင်အား ၃၅ ဦးခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် Jummer ကားကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း Jummer ကားလည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများကို ချောင်းဦးမြို့ဘက်ကို ကားဖြင့် သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်‌ကောင်စီ ဘက်မှ လက်နက်ကြီး ၂ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ရေပိုးစားရွာတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သား ၄၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ပထမ တိုက်ခိုက်မှုက စစ်ခွေး ၅ ကောင်သေတယ်။ ဒုတိယ တိုက်ခိုက်မှုကတော့ စစ်ခွေး သေစာရင်း အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေ ပစ်ခတ်တဲ့ လက်နက်ကြီး ၁ လုံး ကျန်တော်တို့နား မီတာ ၂၀၀ လောက် အကွာကို ကျရောက် ပေါက်ကွဲခဲ့တယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Peacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို PEACOCK DRONE TEAM-MYAUNG ၊ STANDARD REVOLUTION FORCE SRF-MMU ၊ မိုင်းမင်းသား အဖွဲ့နှင့်အတူ နယ်မြေ PDF များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article