ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက လူငယ်ထုနှင့် တွေ့ဆုံကာ နိုင်ငံရေးဆိုင်ရာအသိပညာများဟောပြော
ရန်ကုန်၊ ဇူလိုင် ၂၈
တော်လှန်ရေးနယ်မြေတစ်ခုရှိ ကျေးရွာ ၅ ရွာတွင် ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျေးရွာ အတွင်းရှိ လူငယ်ထုနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူငယ်ထုနှင့်တွေ့ဆုံပွဲတွင် တော်လှန်လူထုထဲမှ လူငယ်များ၏ အခန်းကဏ္ဍနှင့် နိုင်ငံရေးဆိုင်ရာအသိပညာများ ၊ တော်လှန်ရေးရုပ်ရှင်ပြသခြင်း ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။