27 C
Yangon

စစ်တပ်နှင့် လော်ဘီများက လားရှိုးတွင် တစ်အိမ်လျှင် တစ်ဦး စစ်မှု မထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းမည်ဆိုသော MNDAA ကြေညာချက်အတုကို ထုတ်လုပ် ဖြန့်ဝေနေ

Must read

စစ်တပ်နှင့် လော်ဘီများက လားရှိုးတွင် တစ်အိမ်လျှင် တစ်ဦး စစ်မှု မထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းမည်ဆိုသော MNDAA ကြေညာချက်အတုကို ထုတ်လုပ် ဖြန့်ဝေနေ

ရန်ကုန်၊ ဩဂုတ် ၁၂

အကြမ်းဖက် စစ်ကောင်စီနှင့် စစ်တပ်လော်ဘီများက လားရှိုးမြို့တွင် တစ်အိမ်လျှင် တစ်ဦး စစ်မှု ထမ်းရမည်ဖြစ်ပြီး စစ်မှု မထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဆိုသော MNDAA ကြေညာ ချက်အတုကို ထုတ်လုပ် ဖြန့်ဝေနေကြောင်း MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ နေ့စွဲဖြင့် စစ်တပ်နှင့် စစ်ကောင်စီ လော်ဘီများက ဖြန့်ဝေနေသော MNDAA ကြေညာချက် အတုတွင် တစ်အိမ်လျှင် တစ်ဦး MNDAA တွင် စစ်မှုထမ်းရမည်ဖြစ် ကြောင်း၊ အသက် ၁၆ နှစ်မှ အသက် ၅၀ အထိ အကျုံးဝင်ကြောင်း၊ စစ်မှုမထမ်းလျှင် MNDAA က ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဖြစ်ကြောင်း အစရှိသော မဟုတ်မမှန် လုပ်ကြံထားသော MNDAA ကြေညာချက်အတုကို စစ်ကောင်စီတပ်နှင့် စစ်တပ်လော်ဘီများ၏ တယ်လီဂရမ် ချန်နယ်များမှတစ်ဆင့် ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

“MNDAA ဘက်က အဲဒီလိုမျိုး ထုတ်ပြန်ထားတာမရှိပါဘူး။ လားရှိုးမှာ တစ်အိမ် တစ်ဦး စစ်မှုထမ်းရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ စစ်မှုမထမ်းရင် ပစ္စည်းတွေ ပိုင်ဆိုင်မှုတွေ သိမ်းမယ်ဆိုတာလည်း မဟုတ်ဘူး။ အဲဒါက ကြေညာချက် အတုသာလျှင် ဖြစ်ပါတယ်” ဟု MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီးနောက် ယင်းကဲ့သို့ တရုတ်ဘာသာစကားဖြင့် MNDAA ကြေညာချက်အတုများ၊ သတိပေးချက်အတုများကို မကြာခဏဆိုသလို ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article