26 C
Yangon

မင်းလှမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ဆင်တဲကုန်းရွာ အုပ်ချုပ်ရေးမှူး သန်းမြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

Must read

မင်းလှမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ဆင်တဲကုန်းရွာ အုပ်ချုပ်ရေးမှူး သန်းမြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော ဆင်တဲကုန်းရွာ အုပ်ချုပ်ရေးမှူး သန်းမြင့်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် မင်းလှမြို့မှ ဆိုင်ကယ်စီး၍ ပြန်လာသည့် ဆင်တဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းမြင့်ကို တော်လှန်ရေး တပ်ဖွဲ့များက စိန်ပုရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက ပူးပေါင်း တိုက်ခိုက်ရာ သေနတ်ကျည် ၁၅ ချက် ထိမှန်ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းမြင့်ထံမှ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဓား ၁ လက်၊ ပေကြိုး ၁ ခုနှင့် စာရွက်စာတန်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းမြင့်သည် လူငယ်များကို စစ်မှုထမ်းရန် ခြိမ်းခြောက် ဖိအားပေး လူစုကာ ငွေကြေးကောက်ခံခြင်း၊ တောင်သူများထံမှ အကြောင်း အမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်း၊ ၄င်း၏ ဇနီးဖြစ်သူကို စိန်နားကပ် ဝယ်ပေးရန်အတွက် ပြည်သူများကို စစ်တပ်က ထုတ်ပေးထားသည့် လက်နက်အားကိုးဖြင့် အာဏာပြ ခြိမ်းခြောက်၍ ငွေကြေး ကောက်ခံခြင်းများ ပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ဆက်လက်၍ သာယာဝတီခရိုင်အတွင်း လူငယ်များကို စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article