26 C
Yangon

ပခုက္ကူမြို့ သုဿန်အနီးရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ပခုက္ကူမြို့ သုဿန်အနီးရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့ သုဿန်အနီးရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Burma Revolution Rangers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ပခုက္ကူမြို့ သုဿန်အနီးရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ကျည်ထိမှန် ဒဏ်ရာဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းစဉ် AK သေနတ် ၁ လက်၊ AK ကျည်ဘောက် ၁ ဘောက်၊ ICON ၃ လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ တိုက်ပွဲတွေ ဆက်တိုက် ဖော်ဆောင်နေတဲ့အတွက် လက်နက်ခဲယမ်းတွေ အရမ်းကို လိုအပ်နေပါတယ်။ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ ချိတ်ဆက် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Burma Revolution Rangers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ တပ်ခွဲ (၁) တပ်စိပ် (၁) Burma Revolution Rangers (B.R.R)၊ Royal Defense Force (R.D.F)၊ Pakokku People Defense Force (P.P.D.F)၊ ဒေါင်းစစ်သည်နှင့် မြိုင် ပ.က.ဖ တို့မှပူးပေါင်လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article