အာဏာရှင်စစ်တပ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်လက်ညီလက်ညီ ပူးပေါင်း တိုက်ပွဲဝင်ကြရန် မွန်တော်လှန်ရေးအဖွဲ့ ၃ ခုက တိုက်တွန်း
ရန်ကုန်၊ ဩဂုတ် ၁၈
အာဏာရှင်စစ်တပ်ကို ပြည်တွင်း၊ ပြည်ပတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး လှည်းနေ လှေ အောင်းမြင်းဇောင်းမကျန် တက်ညီလက်ညီ တိုက်ပွဲဝင်ကြရန် မွန်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့က တိုက်တွန်းထုတ်ပြန်လိုက်သည်။
ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန် ရေးနေ့အထိမ်းအမှတ် အဖြစ် မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့က ပူး တွဲထုတ်ပြန်ကာ တိုက်တွန်းထားခြင်းဖြစ်သည်။
လက်ရှိ မင်းအောင်လှိုင်၏ အာဏာရှင်စစ်တပ်က မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူဖြစ်ပြီး တစ်မျိုး သားလုံး အင်အားစုအသွင် ဖြင့် စုစည်းတော် လှန်ရန် လိုအပ်သကဲ့သို့ ဘုံရန်သူစစ်အာဏာရှင်အား တိုက်ပွဲဝင်နေသော မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များအားလုံး စုစည်း တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ယနေ့စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် တိုက်ပွဲဝင်နေ ကြသော ဘဝတူတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးနှင့်လည်း မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ရန် လိုအပ် ကြောင်း ထောက်ပြထားသည်။
ယနေ့ တိုင်းပြည်၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ၊ စစ်ရေးအခြေအနေအရပ်ရပ်သည် အမျိုးသားလွတ် မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲများအတွက် အကောင်းမွန်ဆုံးအချိန်အခါ ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများက မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်း၊ အခြားတိုင်းနှင့်ပြည်နယ်များ တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြပြီး ရန်သူ၏အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပင် သိမ်းပိုက်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များတွင် ညီညွတ်မှုပျက်ပြား နေ ကာ အာဏာရှင်စစ်တပ်သည်လည်း လွန်စွာယိမ်းယိုင်နေပြီဖြစ်ကြောင်း အသိပေးထားသည်။
“တော်လှန်ရေးသက်တမ်းရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ဘူးလို့ ပဏာမ ပြောလိုတယ်။ တော် လှန် ရေး သက္ကရာဇ်ကို ဖြို ဖျက်ပစ်ပြီး လွတ်မြောက်တဲ့ သက္ကရာဇ်ကို ငြိမ်းချမ်းစွာ စတင်ရေတွက်သွားဖို့က မွန်တပ်မတော်တွေအားလုံး စုစည်းညီညွတ်စွာနဲ့ မွန်လူထု၊ မွန်ပြည်သူတွေရဲ့ထောက်ခံမှုပါတဲ့ အမျိုး သားရေးမဟာဗျူဟာ ရေးဆွဲပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်တိုက် ခိုက်နေတဲ့ တော် လှန် ရေးအင်အားစုတွေအားလုံး လက်တွဲတိုက်ပွဲဝင်သွားဖို့လိုတယ်လို့ပြောချင်ပါတယ်။ အခုလို အခွင့်အခါကောင်းရချိန်မှာ မွန်တော်လှန်ရေးတပ်တွေအနေနဲ့ တွေဝေမိန်းမော မနေကြတော့ဘဲ ပြတ် ပြတ် သားသား ရဲရဲ ဝံ့ဝံ့ တိက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု MSRF တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့သော အခြေအနေအခွင့်ကောင်းကို အမိအရဆုပ်ကိုင်ပြီး မွန်တို့၏တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေး၊ ငြိမ်းချမ်းရေး၊လုံခြုံရေး၊ သာယာ ဝပြောရေးနှင့် တိုင်းရင်းသားပြည်သူလူထု များအား စိတ်ရောကိုယ်ပါ အမျိုးမျိုးအဖုံဖုံ အခါ မလပ်ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရန်အတွက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NMSP-AD)၊ မွန်ပြည် တော် လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့်အတူ အကြမ်းဖက်စစ်ကောင်စီ ကို တိုက်ခိုက်နေသော အခြားမွန်နှင့် တော် လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ရောက် မွန်လူငယ်များနှင့် မွန်ပြည်သူပြည်သားများအားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တက်ညီလက်ညီ တိုက်ပွဲဝင်ကြပါရန် တိုက်တွန်းသည်။
မွန်အမျိုးသားတို့၏ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မွန်ကြမ္မာမွန်တို့ဖန်တီးခွင့်ရရှိရေးအတွက် ၁၃၁၀ ခု ဝါခေါင်လပြည်နေ့တွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်းနှင် မွန်မျိုးချစ်လူငယ် ၂၇ ဦးက ဦးဆောင် စတင် လာခဲ့သည့် မွန်လက်နက်ကိုင်တော် လှန်ရေးသည် ၇၇ နှစ် ပြည့်မြောက်ပြီး ဖြစ်ကြောင်း၊သို့သော် လည်း မွန်တို့လို လားသော အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် ကိုယ် ပိုင်ပြဌာန်း ခွင့် အစရှိသော အခွင့်အရေးများ လက်လွတ်ဆုံးရှုံးနေဆဲ ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စနစ်အပါ အဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှသာလျှင် မွန်တို့လက်လွတ်ဆုံးရှုံးခဲ့ရ သည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ကြောင်း မွန်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ထား သည်။