31 C
Yangon

ရန်ကုန်မြို့တွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ ပေးပို့ကြရန် တော်လှန်ရေး အင်အားစုများက တောင်းခံ

Must read

ရန်ကုန်မြို့တွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ ပေးပို့ကြရန် တော်လှန်ရေး အင်အားစုများက တောင်းခံ

ရန်ကုန်၊ ဩဂုတ် ၁၈

ရန်ကုန်မြို့တွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များကို တောင်းခံသည့် အုပ်ကြီးကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီး ၄ နှစ်နီးပါး အကြာတွင် စစ်ကောင်စီက နယ်မြေဒေသ အများအပြားကို တော်လှန်ရေး အင်အားစုတွေထံ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး သမိုင်းတလျှောက် မကြုံစဖူး အရှုံးနဲ့ ရင်ဆိုင်နေရကာ အရှုံးကြီး ရှုံးနေသည့်အတွက် စစ်တပ်သည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြို့ပြများကို ဆက်လက် ထိန်းချုပ်ထားနိုင်ရန် အသည်းအသန်ကြိုးပမ်းနေ၍ အဆိုပါနေရာများသည် အရေးကြီးဆုံးသော ရပ်ကျေး အုပ်ချုပ်ရေး ယန္တရားများကြောင်း သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် ဖိနှိပ်မှု ယန္တရားများကို အကောင်အထည် ဖော်ဆောင်ရာတွင် အရေးပါဆုံးသော ထောက်တိုင်များဖြစ်ပြီး ရပ်ကျေးအုပ်ကြီးများသည် စစ်ကောင်စီ၏ အာဏာကို မြေပြင်တွင် သက်ရောက်အောင် ဆောင်ရွက်ပေးနေသူများဖြစ်၍ ဧည့်စာရင်း တိုင်ကြားမှုမှ မတရားစစ်မှုထမ်း ကောက်ယူမှုများအထိ အကြမ်းဖက် စစ်ကောင်စီသည် ရပ်ကျေးအုပ်ကြီးများ၏ အားကိုလိုအပ်နေကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“ရန်ကုန်မြို့ပြမှာ စစ်ကျွန်အုပ်ချုပ်ရေးကို ဖြိုချဖို့ဆိုရင် အခြေခံအကျဆုံး ဖောင်ဒေးရှင်းထောက်တိုင်ဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးက စတင်ရမှာဖြစ်ပါတယ်။ မိမိတို့ရပ်ရွာထဲမှာတင် မိမိတို့ကို အနိုင်ကျင့်ဖိနှိပ်နေတဲ့ စစ်ကောင်စီအုပ်ကြီးတွေကို ရပ်ရွာလူထုကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်အာခံကြဖို့ လိုအပ်နေပါပြီ။ ရပ်ရွာလူထုကို ဖိနှိပ်ညှဉ်းပန်းနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ အချက်အလက်တွေကို တော်လှန်ရေးအင်အားစုတွေဆီကို သတင်းပေးပို့ကြပါ။ အုပ်ကြီးတွေကို ဖယ်ကျဉ်ကြပါ။ အာခံကြပါ။ လူမှုရေးပြစ်ဒဏ်ခတ်ပြီး နှုတ်ထွက်ဖို့ ဖိအားပေးကြပါ” ဟု ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လူထု၏ တော်လှန်စိတ်၊ တော်လှန်မာန်ကြောင့် ခိုင်မာအားကောင်းသော စစ်တပ်နှင့် စစ်ခေါင်းဆောင် အာဏာရှင်များ၏ ပြိုလဲမှုကျရှုံးမှုများကို မြင်တွေ့နေရကြောင်း၊ ရပ်ရွာထဲတွင် စစ်ကျွန်သဘောက် အုပ်ကြီးများကိုလည်း ရန်ကုန်လူထုတရပ်လုံးက ပြင်းပြင်းထန်ထန် ဖီဆန်အံတုကြပြီး ဖက်ဆစ်ယန္တရားကို အဆုံးတိုင်လူထု၏ တော်လှန်စိတ်၊ တော်လှန်မာန်ကြောင့် ခိုင်မာအားကောင်းသော စစ်တပ်နှင့် စစ်ခေါင်းဆောင် အာဏာရှင်များ၏ ပြိုလဲမှုကျရှုံးမှုများကို မြင်တွေ့နေရကြောင်း၊ ရပ်ရွာထဲတွင် စစ်ကျွန်သဘောက် အုပ်ကြီးများကိုလည်း ရန်ကုန်လူထုတရပ်လုံးက ပြင်းပြင်းထန်ထန် ဖီဆန်အံတုကြပြီး ဖက်ဆစ်ယန္တရားကို အဆုံးတိုင်ဖြိုချကြရန် လိုအပ်ကြောင်း၊ “ဖက်ဆစ်ယန္တရားကို လူထုအားနဲ့ ဖြိုချကြ အုပ်ကြီးကမ်ပိန်း” ကို ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့က ဦးဆောင်ပြုလုပ်နေပြီး t.me/OakGyiCampaignBot (Telegram) ကို ပြည်သူများအားလုံး သတင်းပေးပို့ကြရန် ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article