24 C
Yangon

စင်ကာပူအခြေစိုက် ETC ကုမ္ပဏီက စစ်တပ်ကို စင်ကာပူဒေါ်လာ ၅.၅၇ သန်း အထိ ပေးဆောင်နေ၍ စင်ကာပူအစိုးရက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ကောင်စီထံ ငွေကြေးများ ပေးချေနေမှု တားဆီးရန် လိုအပ်ဟု JFM ထုတ်ပြန်

Must read

စင်ကာပူအခြေစိုက် ETC ကုမ္ပဏီက စစ်တပ်ကို စင်ကာပူဒေါ်လာ ၅.၅၇ သန်း အထိ ပေးဆောင်နေ၍ စင်ကာပူအစိုးရက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ကောင်စီထံ ငွေကြေးများ ပေးချေနေမှု တားဆီးရန် လိုအပ်ဟု JFM ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၀

စင်ကာပူအခြေစိုက် Emerging Town & Cities (ETC ) ကုမ္ပဏီက စစ်တပ်ကို အာဏာသိမ်းပြီးနောက်ပိုင်း စင်ကာပူဒေါ်လာ ၅ ဒသမ ၅၇ သန်းအထိ ပေးနေပြီး စင်ကာပူအစိုးရအနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ကောင်စီထံ ငွေကြေးများ ဆက်လက်ပေးချေနေမှု တားဆီးပေးရန် လိုအပ်နေကြောင်း Justice for Myanmar က ထုတ်ပြန်လိုက်သည်။

စင်ကာပူအခြေစိုက် Emerging Town & Cities (ETC) ကုမ္ပဏီသည် အကြမ်းဖက်စစ်တပ်ကို ၂၀၂၄ ခုနှစ် ဇွန်လ အထိ Golden City စီမံကိန်းအတွက် မြေငှားရမ်းခ ပရီမီယံကြေး စင်ကာပူဒေါ်လာ ၉၀၀,၀၀၀ ပေးချေခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေပေးချေနေခြင်းဖြစ်ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အကြမ်းဖက်စစ်တပ်ကို ဘဏ္ဍာငွေများ ဆက်လက် ပေးအပ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူအခြေစိုက် Emerging Town & Cities (ETC) ကုမ္ပဏီ၏ Golden City စီမံကိန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်းတည်ဆောက်ထားသည့် စီမံကိန်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁.၆၈ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၂.၉၉ သန်း ပေးချေခဲ့မှုကို တွေ့ရပြီး၊ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုထံ စုစုပေါင်းပေးချေငွေသည် စင်ကာပူဒေါ်လာ ၅ ဒသမ ၅၇ သန်း ရှိလာပြီဖြစ်ကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံ့မှုများ ရုတ်သိမ်းရေး ဆောင်ရွက်နေပြီဖြစ်ပြီး ကုန်သွယ်မှုကို ၃ နှစ်ကျော်မျှ ရပ်ဆိုင်းထားခဲ့ပြီဟု ဖော်ပြခဲ့သော်လည်း ထို့နောက်ပိုင်းတွင်မှ အကြမ်းဖက်စစ်ကောင်စီထံ ငွေပေးချေမှုများ ဆက်လုပ်လက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်ကို ငွေကြေးဆက်လက်ထောက်ပံ့မှုများလုပ်ဆောင်နေသည့် Emerging Town & Cities (ETC) ကုမ္ပဏီသည် အကြမ်းဖက်စစ်တပ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Justice For Myanmar အနေနှင့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလတွင်လည်း Emerging Town & Cities (ETC) ကုမ္ပဏီ၏ အကြမ်းဖက်စစ်ကောင်စီထံ ငွေပေးချေမှုများနှင့် စင်ကာပူ စတော့အိတ်ချိန်းကို သက်ရောက်ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ဖူးကြောင်း၊ အဆိုပါ Emerging Town & Cities (ETC) ကုမ္ပဏီသည် အကြမ်းဖက်စစ်ကောင်စီထံမှ မြေငှားရမ်းမှု သက်တမ်း အများဆုံး နှစ် ၇၀ နှင့်အတူ သက်တမ်းပြီးဆုံးသည့်အခါတွင်လည်း စစ်ကောင်စီသည် အဆောက်အအုံကို ပိုင်ဆိုင်ကာ နှစ် ၇၀ အတွင်း အမေရိကန်ဒေါ်လာ ၁၉၁ ဒသမ ၁ သန်းအထိ ရရှိသွားမည်ဟု ဖော်ပြခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ အမြတ်အစွန်းများရရှိမည့် အကြောင်း Justice for Myanmar ၏ အစီရင်ခံထုတ်ပြန်အပြီးတွင် စင်ကာပူ စတော့အိတ်ချိန်း စည်းကမ်းထိန်းသိမ်းရေးအနေနှင့် ETC ကုမ္ပဏီကို အရေးယူကာ ကုမ္ပဏီ ကုန်သွယ်ကို ရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Justice For Myanmar နှင့် Australian Center for International Justice တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး‌ရှေ့နေနှင့် နိုင်ငံတကာဥပဒေပညာရှင် Felicity Gerry KC နှင့် ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယန်းရှေ့နေများကောင်စီမှ Daye Gang တို့ ရေးသားသော ဥပဒေရေးရာမှတ်စုတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းမှတ်စုတွင် နိုင်ငံတကာဥပဒေနှင့် လမ်းညွှန်ချက် များသည် စင်ကာပူစတော့အိတ်ချိန်းတွင် တင်ကြိုစီစစ်လုပ်ဆောင်ရမည့် ဝတ္တရားများကို ပြဌာန်းထားကာ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများကြောင့် စင်ကာပူငွေကြေးအာဏာပိုင်နှင့် စင်ကာပူအစိုးရတို့အနေဖြင့် နိုင်ငံတကာဥပဒေအရ ဆက်စပ်တာဝန်ယူရဖွယ်များ ရှိလာသည်ဟု ဖော်ပြထားကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် ETC ကုမ္ပဏီသည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စင်ကာပူကုမ္ပဏီတစ်ခုဖြစ်သည့် Grand Ally Invetment ကုမ္ပဏီနှင့် ရောင်းဝယ်မှု သဘောတူညီချက်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီ ၂ ခုလုံးသည် စင်ကာပူတွင် မှတ်ပုံတင်ထား၍ စင်ကာပူသည် အကြမ်းဖက်စစ်အုပ်စုနှင့် လုပ်ကိုင်နေသည့် Golden City ၏ စီးပွားရေးလုပ်ငန်းနှင့် ဆက်လက်ထိတွေ့ ချိတ်ဆက်နေဆဲပင်ဖြစ်ပြီး၊ ယင်းသည် လက်ရှိကျူးလွန်နေသည့် စစ်အုပ်စု၏ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကို ငွေကြေးဆက်လက် ထောက်ပံ့ ကူညီနေခြင်းလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စင်ကာပူနိုင်၍ံအနေနှင့် စစ်အုပ်စုနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Golden City ကို ဆက်ခံမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ETC တို့မှ မြန်မာစစ်အုပ်စုထံ ငွေကြေးများ ဆက်လက်ပေးချေမှုများကို တားဆီးပေးရန် တိုက်တွန်းကြောင်း Justice for Myanmar က တောင်းဆိုထားသည်။

ထို့ပြင် ETC ကုမ္ပဏီသည် အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်ဝယ်ယူကာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသည့် Jewellery Luck Group of Companies နှင့် မိတ်ဖက် ဖြစ်ကြောင်း၊ Jewellery Luck Group of Companies သည် Golden Land Real Estate Development ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းလည်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC) ကုမ္ပဏီကို မြေငှားရမ်းထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်ရုံးသည် လက်နက်ခဲယမ်း၊ ဗုံးများနှင့် လေယာဉ်ဆီများ အပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ လူနည်းစုဝင် လူမျိုးစုများ အပါအဝင် ပြည်သူများအပေါ် ကြီးမားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ တိုက်ရိုက်အားပေးကူညီနေ၍ UK အစိုးရက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး အမေရိကန်နှ၍့် ကနေဒါတို့ကလည်း ပိတ်ဆို့အရေးယူခဲ့ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article