တွန်းဇံမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်
ရန်ကုန်၊ ဩဂုတ် ၂၇
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း CDF-Tonzang က ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီ တပ်သား ၁ ဦးသည် MA-3 သေနတ် ၁ လက် ယူဆောင်လာပြီး CDF-Tonzang ထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် လက်နက်ယူဆောင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။