ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၇
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်သတင်းစုံအဖွဲ့က ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ငါန်းမြာကြီးရွာ စာသင်ကျောင်းဝင်း အတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရတယ်” ဟု ငါန်းဇွန်သတင်းစုံအဖွဲ့က ပြောဆိုသည်။