27 C
Yangon

မြိတ်မြို့တွင် အုပ်ချုပ်ရေးမှူးများ၏ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်၊ ရဲ ၁ ဦးလည်း အရှင်ဖမ်းမိ

Must read

မြိတ်မြို့တွင် အုပ်ချုပ်ရေးမှူးများ၏ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်၊ ရဲ ၁ ဦးလည်း အရှင်ဖမ်းမိ

ရန်ကုန်၊ ဩဂုတ် ၂၈

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အုပ်ချုပ်ရေးမှူးများ၏ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်အောက်ခံ ရေးမြို့ အခြေစိုက် ခမရ (၅၈၇) မှ တပ်သား ၁ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် မြိတ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ အတင်းအဓမ္မ စစ်မှုထမ်းသစ် စုဆောင်းခြင်းခံရပြီး ပလောက်မြို့ အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တိုင်းဗဟို-၁၂) တွင် ၂၀၂၄ခုနှစ်၊ ဧပြီလမှစ၍ ၁၂ ပတ်ကြာ စစ်သင်တန်းများ တက်ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အခြေခံ စစ်သင်တန်းများ သင်ကြားပို့ချပြီးနောက် ရေးမြို့ အခြေစိုက် ခမရ (၅၈၇) သို့ စေလွှတ်ခြင်းခံရကာ စေလွှတ်ခြင်းခံရပြီး ၂ လအကြာတွင် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ချိတ်ဆက်နိုင်ခဲ့၍ အကြမ်းဖက် စစ်တပ်တပ်၏ လက်မှ ရုန်းထွက်နိုင်ခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အလင်းဝင်လာသော စစ်ကောင်စီ တပ်သားကို လက်ရှိချိန်တွင် ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး လိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ခမောင်းဝောာကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်များ ရှောင်တခင်စစ်ဆေးစဉ် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ ရဲ ၁ ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ အသေးစိတ် အခြေအနေကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article