26 C
Yangon

မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားပြီး ရိက္ခာ လမ်းကြောင်းများ အားလုံး ဖြတ်တောက်ထား၍ စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချပို့ဆောင်နေ

Must read

မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားပြီး ရိက္ခာ လမ်းကြောင်းများ အားလုံး ဖြတ်တောက်ထား၍ စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချပို့ဆောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားပြီး ရိက္ခာ လမ်းကြောင်းများ အားလုံး ဖြတ်တောက်ထား၍ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချ ပို့ဆောင်နေကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း သတင်းတာဝန်ခံ ရဲဘော်ခလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မြိုင်မြို့နယ်ရှိ ပျူစောထီးများကို အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို PDF တပ်ဖွဲ့များက ဖြတ်တာက် တိုက်ခိုက်ထားနိုင်ပြီး ပျူသောထီးရွာများကို ပိတ်ဆို့ထားကာ နယ်မြေအားလုံးကို စိုးမိုင်းထားနိုင်ခြင်းကြောင့် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ကျဲချ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပခုက္ကူမြို့ကနေ တွင်းမ၊ သရက်ကန်၊ သရက်ကွ၊ စက်မှူ- ၂ မြိုင်မြို့ ကန်နီ စတဲ့ ပျူခွေးတွေကို ရိက္ခာလာပို့ဖို့ ကားနဲ့ စီစဥ်ထားခဲ့တာ ၂၀၂၄ နှစ်စကတည်းကပါ PDF တိုက်ခိုက်မှုတွေကြောင့် ရှေ့မရောက်နိုင်ဘဲ နောက်ပြန်ဆုတ်သွားတာ မြေပြင်ကို စိုးမိုင်နိုင်ပါပြီ သူတို့ အထွက်လမ်းတွေကို ဘယ်လိုမှ မထွက်နိုင်အောင် စိုးမိုးနိုင်ခဲ့ပါပြီ” ဟု ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း သတင်းတာဝန်ခံ ရဲဘော်ခလေးက ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က Y-8 လေယာဉ်ဖြင့် မွန်းလွဲ ၃ နာရီ ၄ နာရီထိ ရိက္ခာထုပ်များ ၁၁ ကြိမ် လာရောက်ကျဲချ ပို့ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက ရိက္ခာလာကောက်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ရိက္ခာထုပ်များ သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း သတင်းတာဝန်ခံ ရဲဘော်ခလေးက ပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း သရက်ကွ ပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ရိက္ခာထုပ်များ ကျဲချ ပို့ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article