26 C
Yangon

ကျောက်ပန်းတောင်း၊ မြင်းခြံကုန်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ကျောက်ပန်းတောင်း၊ မြင်းခြံကုန်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းရွာကို စစ်တပ်က လေ ကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်မှု မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မိသားစုဝင် ၆ ဦး နေထိုင်သည့် နေအိမ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပြင်းထန် ဒဏ်ရာရရှိသူ ၂ ဦးကို အခုတော့ ကြိုးစားကုနေပါတယ်။ အခြေ အနေ ကတော့ ၅၀၊ ၅၀ ပဲရှိတယ်။ စစ်ခွေးတွေကို ပြောချင်တာက စစ်ကို စစ်နဲ့တူအောင် တိုက်ပါလို့ အပြစ်မဲ့ ပြည်သူတွေကို လေယဉ်နဲ့ မရမ်းကားပါနဲ့လို့ပဲ ပြောချင်တယ်” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပြင်းထန် ဒဏ်ရာရသူ ၂ ဦးကို ကျောက်ပန်းတောင်းမြို့နယ်နှင့် တောင်သာမြို့နယ်ကာကွယ်ရေးအဖွဲ့မှ ဆေးကုသမှု ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်ကို ကာကွယ်နိုင်ရန် အိမ်တိုင်း ဗုံးခိုကျင်းများ တူးထားကြရန် လေးစားစွာ တိုက် တွန်းလိုကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article