27 C
Yangon

ပဲခူးနှင့်မွန် တို့တွင် ဩဂုတ်လ အတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၄၀ ဦးသေဆုံးကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ

Must read

ပဲခူးနှင့်မွန် တို့တွင် ဩဂုတ်လ အတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၄၀ ဦးသေဆုံးကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၅

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှု အောက်ရှိတပ်များ လှုပ်ရှားသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၂၀ တွင် ဩဂုတ် လ အတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး အကြိမ်ဖြစ်ပြီး စစ်သား ၁၄၀ ဦးသေဆုံးကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၂ စစ်ဒေသခွဲက ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်း စစ် ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိတပ်များ လှုပ်ရှားသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ် အပါ အဝင် မြို့နယ်ပေါင်း (၂၀) တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄၀ ဦးသေဆုံးကာ ၉၅ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်အမျိုးအစားအစုံအလင် အလက်ပေါင်း ၃၀ ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်များ ပူးတွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ် တိုက် ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးကာ ၃၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article