27 C
Yangon

ပဲခူးမြို့နယ်၊ ကိုဒူးကွဲရေလှောင်တမံတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံး

Must read

ပဲခူးမြို့နယ်၊ ကိုဒူးကွဲရေလှောင်တမံတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၅

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကိုဒူးကွဲရေလှောင်တမံတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ၃၇၀၁ တပ်ရင်း တပ်ခွဲ ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပဲခူးမြို့နယ်၊ ကိုဒူးကွဲရေလှောင်တမံတွင် အကြမ်းဖက် စစ်တပ်နှင့် ပဲခူးခရိုင် ၃၇၀၁ တပ်ရင်း တပ်ခွဲ ၃ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကိုဒူးကွဲ ရေလှောင်တမံမှာ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်လောက်က မိနစ် ၂၀ ဝန်းကျင် အကြမ်းဖက် စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ခွေးတွေဘက်က ၂ ကောင်သေတယ်။ ၂ ကောင်ကတော့ ဒဏ်ရာ ပြင်းထန်တယ်” ဟု ပဲခူးခရိုင် ၃၇၀၁ တပ်ရင်း တပ်ခွဲ ၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article