27 C
Yangon

နေပြည်တော် ငွေကြေးခဝါချမှုဖြင့် စစ်ဆေး အရေးယူခံနေရသည့် ရိုးမဘဏ်ဥက္ကဋ္ဌ ဟောင်း ဦးသိမ်းဝေ FMI ဥက္ကဋ္ဌ ရာထူးမှ အနားယူ

Must read

နေပြည်တော် ငွေကြေးခဝါချမှုဖြင့် စစ်ဆေး အရေးယူခံနေရသည့် ရိုးမဘဏ်ဥက္ကဋ္ဌ ဟောင်း ဦးသိမ်းဝေ FMI ဥက္ကဋ္ဌ ရာထူးမှ အနားယူ

ရန်ကုန်၊ စက်တင်ဘာ ၆

နေပြည်တော်တွင် ငွေကြေးခဝါချမှုဖြင့် စစ်ဆေး အရေးယူခံနေရသည့် ရိုးမဘဏ်ဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ FMI ဥက္ကဋ္ဌ ရာထူးမှ အနားယူလိုက်ကြောင်း FMI တရားဝင် ထုတ်ပြန်ကြေညာသည်။

ဦးသိမ်းဝေသည် စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ FMI ဥက္ကဋ္ဌ ရာထူးမှ အနားယူ လိုက်ခြင်းဖြစ်ပြီး ဒါရိုက်တာအဖွဲ့ကိုပါ ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း FMI ကုမ္ပဏီ၏ ကြေညာချက်အရ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဇွန်လဆန်းပိုင်းမှစတင်ပြီး ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ဆေးရာတွင် ဘဏ်၏ Capital ထက်ပိုမိုသော ငွေကြေးများ ပါ ဝင် နေခြင်းကြောင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ် မေလတွင် ဦးသိမ်းဝေ၏ FMI ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နေပြည်တော်တွင် ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးခံနေရသော ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ Yoma Strategic Holding ၏ စီမံခန့်ခွဲမှု ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး သားဖြစ်သူ Melvyn Pun ကို ဥက္ကဋ္ဌသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ ယခုနောက်ဆုံးတွင် FMI ဥက္ကဋ္ဌ ရာထူးမှပါ ဦးသိမ်းဝေက အနားယူလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက အိမ်ရာချေးငွေများကို သတ်မှတ်ထားသည်ထက် ထုတ်ချေးမှုဖြင့် Yoma Bank Ltd အပါအဝင် ဘဏ်ခုနစ်ခုကို အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေမှာလည်း နေပြည်တော်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုများ ခံခဲ့ရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article