27 C
Yangon

တောင်ငူ-သံတောင် လမ်းပိုင်းတွင် ထိတွေ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

Must read

တောင်ငူ-သံတောင် လမ်းပိုင်းတွင် ထိတွေ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် တောင်ငူ-သံတောင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ(၂) တပ်ရင်း (၅) Thawthikho တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် တောင်ငူ-သံတောင် လမ်းပိုင်းရှိ ၅ မိုင်နှင့် ၆ မိုင် အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် တပ်မဟာ (၂ ) ကော်မာဒို စစ်ကြောင်းတို့ ထိတွေ့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များစွာရှိခဲ့ကြောင်းသိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း သံတောင်ကြီးမြို့လမ်းရှိ တောပြာကြီးစခန်း အနီးတစ်နေရာတွင် အကြမ်းဖက် စစ်တပ်နှင့် တပ်မဟာ (၂) တပ်ရင်း (၅) လက်အောက်ခံ တပ်ခွဲ (၃) နှင့် ပြောက်ကျား ပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်မဟာ(၂) တပ်ရင်း (၅) Thawthikho တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article