31 C
Yangon

ပင်လယ်ဘူးမြို့ရှိ စစ်တပ် ကာကင်း စခန်း အားလုံးကို KIA ပူးပေါင်း တပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်ကျန် စခန်းများကို ဆက်လက် တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေ

Must read

ပင်လယ်ဘူးမြို့ရှိ စစ်တပ် ကာကင်း စခန်း အားလုံးကို KIA ပူးပေါင်း တပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်ကျန် စခန်းများကို ဆက်လက် တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့ရှိ အကြမ်းဖက် စစ်တပ် ကာကင်း စခန်း အားလုံးကို KIA ပူးပေါင်း တပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်ကျန် စခန်းများကို ဆက်လက် တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ပင်လယ်ဘူးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း အားလုံးကို KIA ပူးပေါင်း တပ်များက ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသော စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

“ပင်လယ်ဘူးက အကုန်မရသေးဘူး။ စစ်တပ် တပ် စခန်းတစ်ခု ကျန်သေးတယ်။ ဆက်လက်တိုက်ခိုက်နေဆဲပါ။ စစ်ခွေး ကာကင်းစခန်းတွေတော့ အကုန်ရပြီ” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article