27 C
Yangon

ထိုင်းအစိုးရက ဖမ်းဆီးထားသော မြန်မာ ၁၃၁ ဦးကို ရနောင်းမှတစ်ဆင့် စစ်ကောင်စီလက်ထဲ ပြန်လည် လွှဲပြောင်း၊ စစ်ကောင်စီက ကိုယ်ရေးအချက်အလက်များ စိစစ်ကောက်ယူနေပြီး လိုအပ်သော စစ်ဆေးမှုများလုပ်ဆောင်

Must read

ထိုင်းအစိုးရက ဖမ်းဆီးထားသော မြန်မာ ၁၃၁ ဦးကို ရနောင်းမှတစ်ဆင့် စစ်ကောင်စီလက်ထဲ ပြန်လည် လွှဲပြောင်း၊ စစ်ကောင်စီက ကိုယ်ရေးအချက်အလက်များ စိစစ်ကောက်ယူနေပြီး လိုအပ်သော စစ်ဆေးမှုများလုပ်ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၇

ထိုင်းအစိုးရက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထားသော မြန်မာ ၁၃၁ ဦးကို ရနောင်းမှတစ်ဆင့် စစ်ကောင်စီလက်ထဲ ပြန်လည် လွှဲပြောင်းလိုက်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို ထိုင်းနိုင်ငံ၊ရနောင်းမြိုမှတဆင့် မြန်မာနိုင်ငံ၊ကော့သောင်းမြို့ သိုရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲအစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၃၁ ဦး ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက နေရပ်ပြန်များကို ပြန်လည်လက်ခံရာတွင် ကိုယ်ရေးမှတ်တမ်းများကောက်ယူခြင်းနှင့် စစ်ဆေးမှုဆောင်ရွက်၍နေရပ်ဒေသအသီးသီးသို့ စနစ်တကျပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်‌ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article