27 C
Yangon

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ

Must read

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ

ရန်ကုန်၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကသိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၁၂ ၊ ပြည်ထောင်စုအားကစားကွင်းထဲသို့ စစ်ကောင်စီ၏ တိုက် လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရပ်နားထားသော ကားများနှင့် အဆောက်အအုံများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“ဒီမနက် ၄ နာရီ ၇ မိနစ်အချိန်မှာ လားရှိုးမြို့ ၊ အမှတ် ၁၂ ရပ်ကွက် ပြည်ထောင်စုအားကစားကွင်းထဲကို ဗုံးကျပါတယ်။ လူအထိခိုက်မရှိပါဘူး။ကင်းစောင့်နေတဲ့MMDAA တပ်ဖွဲ့ဝင် ၂ ဦးလည်းဘေးကင်းပါတယ်။ ဗုံးကျဲမှုမှာ ဆိုးတာကည အိပ်မောကျနေတဲ့အချိန်တွေပဲ” ဟု လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူက ရှင်းပြသည်။

လားရှိုးဒေသမှ ပြည်သူများကလည်း ယနေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့တွင် အလွန်ကြီးမားသော ပေါက်ကွဲသံနှင့်အတူ အိမ်များပင် တုန်ခါသွားကြောင်း ပြောဆိုကြသည်။

အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် နှင့် ည ၈ နာရီ ၅၀ မိနစ်အချိန်တို့တွင် လားရှိုးမြို့ အမှတ် ၉ ရပ်ကွက် အမှတ် ၈ အခြေခံပညာ အထက် တန်းကျောင်းတွင် ဗုံးများ ကျခဲ့ပြီး စာသင်ကျောင်းအတွင်း အဆောက် အဦးအများအပြား ပျက်စီးခဲ့ကြောင်း၊လူနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခု စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ကရင်နီနှင့် ရှမ်းမြောက်ဒေသရှိ လားရှိုး အပါအဝင် ဆုံးရှုံးထားသော နယ်မြေများ ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်မည့် “ရန်နိုင်မင်း စစ်ဆင်ရေး” စတင်နေပြီဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးအရ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ၊ လေကြောင်းတိုက်ခိက်မှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာကြောင်း၊ စက်တင်ဘာလ ၆ ရက်နေ့ ကရင်နီနှင့် နမ့်ခမ်းမြို့တို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article