27 C
Yangon

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီ ပြဋ္ဌာန်းရန်ရှိနေပြီး စစ်မှုထမ်းရန် ပျက် ကွက်ခြင်းနှင့် တိမ်း ရှောင်ရန် ကြိုးစားသူများကို ထောင် ချမည့်အပြင် စစ်မှု ထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည်

Must read

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီ ပြဋ္ဌာန်းရန်ရှိနေပြီး စစ်မှုထမ်းရန် ပျက် ကွက်ခြင်းနှင့် တိမ်း ရှောင်ရန် ကြိုးစားသူများကို ထောင် ချမည့်အပြင် စစ်မှု ထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည်

ရန်ကုန်၊ ဩဂုတ် ၈

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီ ပြဋ္ဌာန်းရန်ရှိနေပြီး စစ်မှုထမ်းရန် ပျက်ကွက်ခြင်းနှင့် တိမ်းရှောင်ရန် ကြိုးစားမှုများကို ထောင်ဒဏ်ချမှတ်အရေးမည့်အပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို မူကြမ်းအဖြစ် ရေးဆွဲထားပြီး သုံးသပ်စိစစ်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နောက်ဆုံး သတ္တမမြောက် အဆင့်သို့ ရောက်ရှိပြီး စစ်ကောင်စီရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ များမကြာမီ ပြဋ္ဌာန်းမည်ဖြစ်ပြီး ယင်းနည်းဥပဒေ ထွက်ရှိလာပါက စစ်မှုထမ်းရန် ပျက်ကွက်ခြင်း၊ ပျက်ကွက်ရန် အားပေးကူညီခြင်း၊ တိမ်းရှောင်ရန် ကြိုးစားခြင်းတို့ကို ထောင်ဒဏ်များ ချမှတ်အရေးယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံးသည် ခရီးသွားလာရာတွင်လည်း ကောင်း၊ ပြည်ပသို့ ထွက်ခွာရာတွင်လည်း ကောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်လက်မှတ်များ လိုအပ်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမှုမှ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် ကင်း လွတ်ခွင့် လက်မှတ်များကို သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ထုတ်ပေးမည်ဖြစ်ပြီး ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် နှင့်ရွှေ့ဆိုင်းခွင့် မရရှိသူများသည် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရှိရသည်။

“နည်းဥပဒေကတော့ ဒီနှစ်မကုန်ခင်ထွက်ဖို့ရှိတယ်။ ခန့်မှန်းခြေတော့ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲလောက်တော့ ထုတ်ပြန်နိုင်တယ်။ စစ်မှု ထမ်းဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်၊ စစ်မှုထမ်းဖို့ တိမ်းရှောင်ကြံစည်ရင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်။ စစ်မှုထမ်းဖို့ ပျက်ကွက်သူ၊ တိမ်းရှောင်ဖို့ ကြိုးစားသူဆိုရင် ထောင်ဒဏ် ၁ နှစ် အဲဒါတွေ အသေးစိတ် နည်းဥပဒေမှာ ပါတယ်။ ဘယ်လို အခြေအနေမျိုးဆိုတာ။ နောက်တစ်ခါ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်က ပိုမိုကြီးမားလာတယ်။ သူတို့က ကင်းလွတ်ခွင့် ရွှေ့ဆိုင်းခွင့် လက်မှတ်တွေ ထုတ်ပေးလို့ရတယ်။ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေအနေနဲ့ ခရီးသွားတာဖြစ်ဖြစ်၊ ပြည်ပထွက်တာဖြစ်ဖြစ် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေရဲ့ ထောက်ခံစာ လိုအပ်လာလိမ့်မယ် ။ အခုလက်ရှိ နည်းဥပဒေ မထွက်ခင် အခြေအနေက ထပ် ပိုပြီး ကျပ်တည်းတင်းကျပ်လာမယ့် အခြေအေနပါပဲ” ဟု နေပြည်တော်ဥပဒေရေးရာဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပြဋ္ဌာန်းပြီးပါက အခြေခံအကျဆုံးသော မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အခန်းကဏ္ဍမှာ ပိုမို အရေးပါလာမည်ဖြစ်သည့်အပြင် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့် လက်မှတ်ထုတ်ပေးနိုင်သော ဗဟိုအဖွဲ့၏ ဩဇာအာဏာမှာလည်း ကြီးမားလာမည်ဖြစ်ကြောင်း၊ အဆိုပါ လက်မှတ်ထုတ်ပေးမှုနှင့်ပတ်သက်၍လည်း လာဘ်ပေးလာဘ်ယူနှင့် အရောင်းအဝယ် သဘောဆန်သော စျေးကွက်လည်းဖြစ်ထွန်းလာနိုင်သည်ဟု နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နှင့် နီးစပ်သော သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- နေပြည်တော်တွင် စက်တင်ဘာလ ၃ ရက်နေ့ ကျင်းပပြုလုပ်သည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ အစည်းအဝေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article