26 C
Yangon

နယူးယောက်မြို့မန်ဟန်တန် ရပ်ကွက်တွင် တော်လှန်ရုပ်ရှင်များပြသ

Must read

နယူးယောက်မြို့မန်ဟန်တန် ရပ်ကွက်တွင် တော်လှန်ရုပ်ရှင်များပြသ

ရန်ကုန်၊ စက်တင်ဘာ ၉

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မန်ဟန်တန် ရပ်ကွက်တွင် အမိမြေမှကမ်းလက်များ (Helping Hands for Burma – H2B ) ၏စီစဉ်မှုနှင့် စက်တင်ဘာ ၈ ရက် တနင်္ဂနွေနေ့တွင် တော်လှန်ရုပ်ရှင်များ Walter W Birge III Theater ၌ပြသခဲ့ကြောင်း သိရှိရသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် နယူးယောက်မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားများ ရုံပြည့်ရုံလျှံအားပေးခဲ့ကြပြီး ရရှိလာသော ရံပုံငွေ အားလုံးကို တော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပွဲတွင် ရုပ်ရှင်နှင့်ပတ်သက်သော အမှတ်တရပစ္စည်းများ ရောင်းချခြင်းနှင့် ရုပ်ရှင်ဖန်တီးသူများက နယူးယောက်ပွဲအတွက်သီးသန့်ပေးပို့ထားသည့် ပန်းချီကားများနှင့် အခြားအမှတ်တရပစ္စည်းများလေလံတင်ခြင်းများ အပြင် မြန်မာအစားအစာများကိုလည်း ရောင်းချခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article