26 C
Yangon

မင်းတုန်းမြို့ပေါ် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများအနီး နေထိုင်သော ပြည်သူများ မနက်ဖြန် နောက်ဆုံးထား၍ ရှောင်ရှားကြရန် PDF တပ်ဖွဲ့က အသိပေး

Must read

မင်းတုန်းမြို့ပေါ် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများအနီး နေထိုင်သော ပြည်သူများ မနက်ဖြန် နောက်ဆုံးထား၍ ရှောင်ရှားကြရန် PDF တပ်ဖွဲ့က အသိပေး

ရန်ကုန်၊ စက်တင်ဘာ ၉

မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ် ရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများအနီး နေထိုင်သော ပြည်သူများအနေဖြင့် မနက်ဖြန် နောက်ဆုံးထား၍ ရှောင်ရှားကြရန် အသိပေးချက် ထုတ်ပြန်ထားကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင် မင်းတုန်းမြို့နယ် ပကဖ က မင်းတုန်းမြို့ပေါ် ရဲစခန်း၊ မိုက်ခရို အစရှိသည့် အကြမ်းဖက် စစ်သားနှင့် ရဲများ အခြေစိုက်ရာ နေရာများ အနီးရှိ ပြည်သူများ အနေဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဘေးလွတ်ရာ နေရာများကို ကြိုတင်ရှောင်ရှားထားကြရန် အထူးသတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်သူများ ကြုံတွေ့လာရနိုင်သော တိုက်ပွဲအန္တရာယ်များမှ ကင်းဝေစေရန် မေတ္တာရှေ့ထား၍ ကြိုတင် သတိပေးအပ်ကြောင်း၊ ယင်းနေရာများသည် မည်သည့် အချိန် တိုက်ပွဲဖြစ်မည်မှာ မသေချာသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သော နေရာများဖြစ်သည်မှာ သေချာကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် မနေသင့်သော အရပ်‌ဖြစ်၍ တော်လှန်‌ရေးကာလအတွင်း အဆိုပါနေရာများနှင့် အနီးကပ်နေထိုင်ခြင်း လုံး၀မပြုလုပ်ကြပါရန် အထူးသတိပေးအပ်ခြင်းဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ရှင်းပြသည်။

“ပြည်သူတွေ အနေနဲ့က စစ်ရေးကိစ္စတွေကို မပေါ့ဆစေဘဲနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျန်တော်တို့ ထုတ်ပြန်ချက်တွေကိုပါဝင် ပူးပေါင်းစေချင်ပါတယ်” မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article