28 C
Yangon

သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း KNLA တပ်မဟာ(၂) တပ်ရင်း(၅) Thawthikho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံတောင်ကြီးမှ တောင်ငူ ဘက်ကို ခြေကျင် ဆင်းလားသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ရွှေညောင်ပင်အောက် ရောက်ရှိလာချိန် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၅) လက် အောက်ခံ ပြောက်ကျားစစ်ကြောင်းများက ကြားဖြတ် တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“သံတောင်ကြီးကနေ တောင်ငူဘက်ကို ခြေလျင် ပြန်ဆင်းလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရွှေညောင်ပင်အောက် ရောက်ရှိချိန် ထိတွေ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု ၂၀ ဦးထက်မနည်းရှိတယ်လို့ သိရတယ်” ဟု KNLA တပ်မဟာ(၂) တပ်ရင်း(၅) Thawthikho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article