27 C
Yangon

မြိုင်မြို့အဝင်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

မြိုင်မြို့အဝင်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂

မကွေးတိုင်း၊ မြိုင်မြို့အဝင်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုင်မြို့အထွက် မြိုင်-ရေစကြို လမ်းပိုင်းရှိ မြို့ စောင့် ဂိတ်စခန်းနှင့် ဘန်ကာတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ထပ်တိုက် အပေါ်ဆုံးထပ် ထိမှန်ပွင့် ထွက်သွားပြီး အကြမ်းဖက် စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ တော်လှန်ရေး တပ်ဖွဲ့များကလည်း ဒရုန်းဖြင့် 10 kg ရှိ အီနာဂါ ဒရုန်း ဗုံးသီးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာအတွင်း ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ဘန်ကာလည်း ပျက်စီးသွားကြောင်း သိရ သည်။

ထိုနောက် မြိုင်မြို့ရဲစခန်းအတွင်းနှင့် ဆေးရုံစောင့်အကြမ်းဖက်စစ်သား အင်အား ၄၀ ခန့် တပ်ကူ ထွက်လာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ‌ အောင်မြင်စွာ ပြန် လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ ၊ မြိုင်ပကဖ Done တပ်ရင်း၊ လက် နက်ကြီး တပ်ရင်း၊ 8+အညာမြေအင်အားစုစစ်ဆင်ရေး၊ စနေမင်း ၊ Pku Underground Force ၊ Burma Revolalution Ranger နှင့် ဗိုလ်မိုက်ခဲအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article