26 C
Yangon

ဆားလင်းကြီးတွင် ယာခင်းမှ ပြန်လာသည့် ပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်း ဆီး

Must read

ဆားလင်းကြီးတွင် ယာခင်းမှ ပြန်လာသည့် ပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်း ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မန်ကျည်းတထောင်ကျေးရွာမှ ပြည်သူ ၁၅ ဉီးကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရွှေတောင်ဉီး စစ်ကောင်စီရဲ့ စစ်ရေးဂိတ်က ဖမ်းဆီးထားတယ်လို့​ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၁၅ ဉီးဟာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ မြေပဲစွတ်ပြီး ရွာကို ပြန်အလာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံလိုက်ရသူတွေကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အဖမ်းခံရတဲ့သူတွေက ဘုလတင်နယ်ထဲသွားပြီး မြေပဲသွားစွတ်ကြတာ။ ရွာကိုပြန်အလာ မုံရွာအနောက်ဘက် ရွှေတောင်ဉီးစစ်ဆေးရေးဂိတ်မှာ အဖမ်းခံလိုက်ရတာ။ ဒီကနေ့အထိ ပြန်လွတ်လာတာမရှိသေးဘူး ။ဘာအဆက်အသွယ်မှ မရသေးဘူး ” လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရတဲ့သူတွေထဲမှာ အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြပြီး ဖမ်းဆီးခံရသူတွေရဲ့ နာမည်တွေ ရရှိဖို့ရာအတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ဉီးဆောင်တဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ အမျိုးသမီး အမျိုးသားမခွဲခြားတော့ပဲ ပြည်သူတွေကို အရှိန် အဟုန်မြင့် မတရားဖမ်းဆီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Photo Credit- Robert Bociaga။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article