24.8 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်တံခါး ဘောလုံးကွင်းမှနေ၍ ဖျံတလင်း ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ဂေါ်ဖီထုပ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ နေအိမ် ၁ လုံး၊ ဆိုင်ကယ် ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပဲနွယ်ကုန်းအနောက်ဘက် အလိုင်ခင်ကျေးရွာမှနေပြီး သဲဖြူရွာသစ်ကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ မဝင်ဇင်မိုး အသက် ၃၇ နှစ် နှင့် ၎င်း၏ သမီးဖြစ်သူ မမြဘုန်းတင့် အသက် ၈ လခွဲ တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဆောထိမြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ−၅၉၈ တပ်ဖွဲ့ဝင်များက ၎င်းတို့ တပ်စွဲထားသော ဖားဘော်တပ်စခန်းမှ နေ၍ ၈၁ မမ လက်နက်ကြီး ၁၇ လုံးဖြင့် ဝေါ်ကေ့ကျေးရွာနှင့် ရှမ်းစုကျေးရွာများ အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article