26 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိုင်ချ တပ်စွဲထားသော ကံပြားရွာ ပုပ္ပါရုံ ဘုန်းကြီးကျောင်း၊ ဇွဲတိုက် ၊ ရွှေဇာလီဘုရား၊ အ.ထ.က စာသင်ကျောင်းနှင့် ကုန်းသာဦးဘုရား စသည့် နေရာ ၅ ခုကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ကံပြားရွာ ပုပ္ပါရုံကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၀ ခန့်သည် အထိခိုက်များစွာဖြင့် တပ်စွဲထားသောနေရာကို စွန့်ခွာထွက်ပြေးသွားကြောင်း၊ ရွှေဇာလီကုန်းပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ၄၀ မမ ဗုံးသီးများ တိုက်ရိုက် ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သားများကို သယ်ဆောင်ကာ စာသင်ကျောင်းဘက်ကို ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့် အတူ ​ဒီပဲယင်းမြို့နယ် ပကဖ (တိုက်နယ် (၅)) ၊ Burmese Guerrilla Force (GBF) ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article