27 C
Yangon

လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့အုပ်စုတွင် မုန်တိုင်း မိုးသည်းထန်မှုကြောင့် တောင်ကျရေကြီးပြီး ရွာ ၅ ရွာမှ ပြည်သူ ၂၀ ဦးသေဆုံးကာ နေအိမ်အလုံး ၅၀ ကျော် ရေထဲမျောပါ ပျက်စီး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့အုပ်စုတွင် မုန်တိုင်း မိုးသည်းထန်မှုကြောင့် တောင်ကျရေကြီးပြီး ရွာ ၅ ရွာမှ ပြည်သူ ၂၀ ဦးသေဆုံးကာ နေအိမ်အလုံး ၅၀ ကျော် ရေထဲမျောပါ ပျက်စီး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့အုပ်စုအတွင်း၌ မုန်တိုင်းမိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးကာ ကျေးရွာ ၅ ရွာ ရေနစ်မြုပ်သွားပြီး ပြည်သူ ၂၀ ဦးသေဆုံးကာ နေအိမ်အလုံး ၅၀ ကျော် ရေ ထဲမျောပါ ပျက်စီးသွားကြောင်း ကျေးရွာပြန်လည်ထူထောင်ရေးအကျိုး ဆောင်နေသူ ခွန်ဝင်းသန်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် လွိုင်လင်မြို့နယ်၊ ခေါင်းနွဲကျေးရွာအုပ်စု အတွင်း၌ မုန်တိုင်းမိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးကာ အိမ်ခေတ်ကျေးရွာမှ လူနေအိမ် ၂၅ လုံး၊ စာသင်ကျောင်းဆောင် ၃ ဆောင် ဆုံးရှုံးကာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၃ ဦး ရေနစ်မျောပါသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အလားတူ ခေါင်းနွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာအတွင်းမှ လူနေအိမ် အလုံး ၂၀ ရေနစ်မြုပ်သွား ကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့ကြောင်း၊ ခေါင်းနွဲကျေးရွာအုပ်စု နောင်ပိန်ရွာတွင်လည်း လူနေအိမ် ၅ လုံးရေနစ်မြုပ်သွားကာ ရွာသူ၊ ရွားသား ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ခေါင်းနွဲ့ကျေးရွာအုပ်စု လပ်လှိုင်းကုံလွမ်ရွာတွင် လူနေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

ထို့ပြင် နေအိမ် ၃၉ လုံးရှိ နောင်နိမ့်ရွာမှ နေအိမ် ၆ လုံးလည်း မြေပိ၍ ပျက်စီးသွားပြီး ကျေးရွာနေပြည်သူ အားလုံး လွိုင်လင်မြို့ပေါ် တိမ်းရှောင်နေရကာ ပြည်သူများ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

“၁၂ ရက်နေ့ မနက် အစောပိုင်း ၂ နာရီခွဲ ၃ နာရီလောက်မှာ မိုးတအားရွာပြီးတော့ ငလျင်လည်း လှုပ် တယ်။ ငလျင်လှုပ်တော့ တောင်က ပေါက်ကွဲသွားတာ။ အဲဒီပေါက်ကွဲသံကဆိုရင် မိုးခြိမ်းသံလို ထွက် လာတာ၊ မြစ်တွေ၊ ချောင်းတွေကနေ ကြီးတာမဟုတ်ဘူး။ အဲဒီတောင်ပေါ်ချောင်းပဲရှိတာ၊အဲဒီ ချောင်း ကနေ ရေကြီးပြီး ရွာတွေ မြှုပ်သွားတာ၊ ရွာ ၄ ရွာ ပျက်သွားတာ၊ အလောင်းတော့တစ်ချို့တွေ့တယ်၊ မတွေ့တာတွေလည်း ၁၀ ယောက် ကျော်ကျော် လောက်ရှိတယ်။ ကလေးတွေရော၊ အမျိုးသမီးရော အမျိုးသားရောသေတဲ့အထဲပါတယ်။ဆိုင်ကယ်တွေ၊ ကားတွေလည်းရေထဲပါသွားတာရှိတယ်။ ဆိုးဆိုး ရွားရွားကို ဖြစ် သွားတာ၊ အိမ်တွေက လုံးလုံးကို ပြန်မရ တော့ ဘူး။ တအားကြီးဆိုးတာက အိမ်ခေတ် ရွာ၊ ခေါင်းနွဲ့ ရွာ နောင်ပိန် ရွာပေါ့၊ ရေထဲပါသွားတဲ့အိမ်တွေက လုံးလုံးကို မရတော့ဘူး။ ရေနဲ့မျော ချောင်း ထဲရောက် သွားပြီး မြေ ကြီးထဲပါမြုပ်သွားတာ၊ရွာသားတွေကလည်း ရွာပြန်လာလို့မရသေး ဘူး၊ ရွာပြန်ထူထောင်ဖို့တော့ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့တော့ ပြောလိုပါတယ်” ဟုကျေး ရွာပြန်လည် ထူထောင်ရေးအကျိုးဆောင်နေသူ ခွန်ဝင်းသန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ရေသင့်ကျေးရွာ ၄ ရွာမှ ပြည်သူများသည် လွိုင်လင်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ သွား ရောက်နေထိုင်ကြရပြီး စုစုပေါင်းခန့်မှန်ခြေ လူဦးရေ ၂၀၀ ကျော်နိုင်ကြောင်း၊ ကျေးရွာများအတွင်း သို့ ပြန်လည်ဝင်ရောက်နိုင်ရန်လည်း လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ခံထားရကာ စားဝတ်နေရေး ဒုက္ခ ရောက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article