ရန်ကုန်မြို့တွင် ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လူထုသပိတ်ပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၁၉
ရန်ကုန်မြို့ ကားလမ်းမကြီးတစ်ခုပေါ်တွင် ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်၍ ပြဿနာများ၏ လက်သည်တရားခံ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လူထုသပိတ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူထုသပိတ်ကို လူငယ်သပိတ်ကော်မတီ(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ ( SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ပြောက်ကြားသပိတ် စတင်သည်နှင့် တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည်သူများ ပူးပေါင်းဝန်းရံခဲ့ကြကြောင်း သိရှိရသည်။