29 C
Yangon

သီပေါမြို့နှင့် နောင်ချိုမြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီး

Must read

သီပေါမြို့နှင့် နောင်ချိုမြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ ၁ နာရီ ၅၀ မိနစ်ခန့်ထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ၎င်းတပ်စခန်းမှ တစ်ဆင့် လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ၏ နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီခန့်၌ အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံ အနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြိုများဖြစ်သော ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သား ပစ်မှတ်များကို ဦးတည်ကာ နေ့စဥ် လာရောက် ဗုံးကျဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေကြောင်း TNLAကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article