28 C
Yangon

တနင်္သာရီမြို့နယ်၊ လသာရွာနှင့်နယ်ခြားရွာ အကြားတွင် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ဦး သေဆုံး

Must read

တနင်္သာရီမြို့နယ်၊ လသာရွာနှင့်နယ်ခြားရွာ အကြားတွင် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လသာရွာနှင့်နယ်ခြားရွာကြားတွင် အကြမ်း ဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ မြိတ်၏ ပြောဆိုထုတ် ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် တနင်္သာရီမြိုန့ယ်၊ လသာရွာနှင့် နယ်ခြားရွာကြားတွင် အင်အား ၅၀ ခန့်ဖြင့် စစ်ယာဉ်တန်းကို အသင့်စောင့် ကြိုပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများက ၄၀ မမဖြင့် ၄ ချက် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် စက်တင်ဘာလ ၁၇ ရက်နေ့က မြိတ်မြို့ နယ်၊ တုံးဗျောကြီးစခန်း မှ ခြေလျင်ထွက်လာသည့် အင်းအား ၅၀ ခန့်ပါ စစ် ကြောင်းဖြစ်ပြီး နယ်ခြားရွာဘက်မှ စက်တင်ဘာ လ ၁၈ ရက်နေ့ တွင် ကားဖြင့် ပြန်ဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည့်သူ့ကာကွယ်ရေး အဖွဲ့ နှင့် တနင်္သာရီ ရိုးမ ပြည် သူ့ကာကွယ်ရေး အဖွဲ့တို့ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article