26 C
Yangon

နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ

Must read

နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့ ၊ တဖန်ကုန်း ရပ်ကွက်အတွင်းကို Jet Fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို ပေါင် ၅၀၀ ဗုံးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တဖန်ကုန်းရပ်ကွက်ရှိ ဒေသ ပြည်သူ ၃ ဦး ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ အိမ် ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် နောင်ချိုမြို့ အတွင်း လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ညစျေးတန်းတွင် တစ်နေရာ၊ မြို့ မစျေး တစ်နေရာနှင့် စျေးရပ်ကွက် နယ်မြေ ၄ တစ်နေရာ တို့ကို စုစုပေါင်း ၃ နေရာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ဗုံးစ ထိမှန် ဒဏ်ရာရရှိကာ နေအိမ်နှင့် ဆိုင်ခန်းအချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့တွင် အကြမ်းဖက် စစ်တပ်က လူအများအပြား သေကြေပျက်စီးစေနိုင်သည့် ပေါင် ၅၀၀ ဗုံးအပါအဝင် နေ့စဥ်ဗုံးကျဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၅ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသပြည်သူပိုင် နေအိမ် ၂၇ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်းလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article