26 C
Yangon

နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမြောက်တပ် ၂၀၆ တပ်စခန်းနှင့် တောင်ခမ်းရွာရှိ ၉၀၂ တပ်စခန်း တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမြောက်တပ် ၂၀၆ တပ်စခန်းနှင့် တောင်ခမ်းရွာရှိ ၉၀၂ တပ်စခန်း တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် ၂၀၆ တပ်စခန်းနှင့် တောင်ခမ်းရွာရှိ ၉၀၂ တပ်စခန်း တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ ၂၀၆ တပ်ခန်းနှင့် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၁ ကြိမ် ဗုံး ၂ လုံး၊ မကျီးရေရွာရှိ စစ်ကောင်စီတပ်၏ အမတ ၃၅၄ တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်၏ ၉၀၂ တပ်စခန်း နေရာတို့ကို Y-12 ဖြင့် ၇ ကြိမ် ဗုံး ၆၀ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နောင်ချိုမြို့ တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ၉၀၂ တပ်စခန်းနေရာကိုတွင် ထောက်ပို့လေယာဉ် Y-8 ဖြင့် ၈ ကြိမ် လက်နက်ခဲယမ်း ၄၅ ထုပ် လာရောက် ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေပြီး ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article