26 C
Yangon

စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ်

Must read

စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ်

ရန်ကုန်၊ စက်တင်ဘာ ၂၃

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ်နှင့် ဗုံးကျဲလေ ယာဉ်များ အတက်အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများမှ ပြည်သူများအနေ ဖြင့် လေကြောင်းအန္တရာယ်သတိထားကြရန် လို အပ်ကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ နေ့စဉ်၊ အပတ်စဉ် လေတပ်များမှ တိုက် လေ ယာဉ်နှင့် ဗုံးကျဲလေယာဉ်များ အတက်အဆင်း ပြုလုပ်မည့် အ ရေ အတွက် ပြန်လည် များပြားလာခြင်းဖြစ်ကြောင်း၊ လေယာဉ်အတက်အဆင်း များပြားခြင်းသည် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများအတွက် လေကြောင်းအန္တရာယ် မြင့်တက်နေသည့် သဘောဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

” ဒီရက်ပိုင်းမှာ လေယာဉ်အတက်အဆင်းတွေ ပြန်များနေမယ်။ ဘယ်နေရာတွေကို ဦး တည် ပျံသန်းမလဲ ဆိုတော့ မသိရဘူး။ လေယာဉ် ပျံတက်မယ့် စာရင်းတွေ ပြန်များနေတာတော့ အတည်ပြုနိုင်တယ်။ စက်တင်ဘာလလယ် ရေကြီးတုန်းကတော့ လေယာဉ်တွေ အတော်များများ ရပ်နားခဲ့တယ်။ တာဝန်ထမ်းဆောင်မယ့် လေယာဉ်မှူး၊ တွဲဖက်နဲ့ လေယာဉ်စာရင်းကတော့ နေ့စဉ်၊ အပတ် စဉ် Update လုပ်နေတယ်။ စက်တင်ဘာလကုန်အထိ လေယာဉ်အတက် အဆင်းများမှာမို့ လေကြောင်းအန္တရာယ် သတိထားဖို့လိုပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လေယာဉ်အတက်အဆင်းများသည့် လေဆိပ်များတွင် တံတားဦးလေတပ်၊ အေလာလေတပ်၊ မှော်ဘီလေတပ်တို့က လေယာဉ်အတက်အ ဆင်း အများဆုံး ဖြစ် ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေးအတွက် ရန်နိုင်မင်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း ဖားကန့်၊ လားရှိုး၊ နောင်ချို၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်၊ ကရင်နီမကွေးတိုင်းနှင့် မန္တလေးတိုင်းရှိ တိုက်ပွဲများဖြစ်ပွားနေသော နေရာများသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်လေယာဉ်များ တပ် တော်ဝင်သည့် အခမ်းအနား တက်ရောက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါ သည်။ )

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article