27 C
Yangon

မြိုင်မြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

မြိုင်မြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ သတင်းတာဝန်ခံ ရဲဘော်ခလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မြိုင်မြို့ မြောက်ဘက်ရှိ ကန်ကြီးတောရွာ တောင်ဘက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုင်မြို့ မြောက်ဘက်ရှိ အင်းရောင်းရွာ ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဘုန်းကြီးတစ်ပါးနဲ့ ဒကာမ တစ် ဦး ဒဏ်ရာရပါတယ်။ ထိခိုက်မှုက အတာပဲ ရှိတယ်။ ဘုန်းကြီက လက်ကို ထိမှန်ပြီး ဒကာမက တစ်ယောက်က ရင်ဘတ်ကို ဗုံးစ ထိမှန်တယ်လို့ သိရပါတယ်။ လေယာဥ် ၂ စီးနဲ့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်သွားတာ ဒဏ်ရာ အခြေအနေတွေက အရမ်းတော့ မစိုးရိမ်ရပါဘူး” ဟု ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ သတင်းတာဝန်ခံ ရဲဘော်ခလေးက ပြောဆိုသည်။

ထို့ပြင် စဉ့်ကူးမြို့နယ် အရှေ့ခြမ်း လက်ပန်လှရွာ အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article