30 C
Yangon

လားရှိုးမြို့ပေါ် သို့ ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု အပျက်အစီးများပြား ဟု MNDAA ပြောဆို

Must read

လားရှိုးမြို့ပေါ် သို့ ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု အပျက်အစီးများပြား ဟု MNDAA ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်သို့ ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အပျက် အစီးများပြားကြောင်း MNDAA က ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်မှ နံနက် ၂ နာရီ ၂၀ မိနစ်အချိန် အထိ စစ်ကောင်စီတပ်၏တိုက်လေယာဉ်များက လားရှိုးမြို့ရပ်ကွက် ၁၂ နှင့် လားရှိုးနည်းပညာတက္ကသိုလ် ဆက်စပ်လျက်ရှိသောနည်းပညာအထက်တန်းကျောင်းအနီးတွင် ဗုံး ၄ လုံးကျဲချကြောင်း၊ ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်းအပြင်အနီးနားရှိ ဘုန်းတော်ကြီးကျောင်းနှင့် အများပြည်သူပိုင် အဆောက်အဦးများ ဆိုးရွားစွာပျက်စီးခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ကြောင်း သိရှိရသည်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် MNDAA က ဗုံးပေါက်ကွဲသည့်နေရာသို့ သွားရောက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်

default
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article