32 C
Yangon

နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်

Must read

နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၆ နာရီ ၃၉ မိနစ်နှင့် ၄၀ မိနစ်ခန့်တွင် ရွာကြီးရွာ မြောက်ဘက်ရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ရွာမြောက်ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းကို ကျဲသွားတာလို့ သိရတယ်။ ညကြီး‌ဆိုတော့ ထိခိုက်ပျက်စီးမှု အခြေအနေတွေ မသိရသေးဘူး။ ဘာစစ်ပွဲမှ မဖြစ်ဘဲ ကျဲသွားတာ ဗုံး ၂ လုံးဆက်တိုက်ကို ကျဲသွားတာ ဗုံးချပြီးတာနဲ့လေယာဉ်က ပြန်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article