30 C
Yangon

အကြမ်းဖက်စစ်ကောင်စီက နောင်မွန်မြို့နယ်ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားပြည်သူ ၁ ဦး ခြေထောက် ပြတ်

Must read

အကြမ်းဖက်စစ်ကောင်စီက နောင်မွန်မြို့နယ်ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားပြည်သူ ၁ ဦး ခြေထောက် ပြတ်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို ယနေ့နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး ခြေထောက်ပြတ်သွားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်မှ နံနက် ၂ နာရီ ၅၀ မိနစ် အကြားတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့က သိန္နီခရိုင်သံလွင်လျင်ဟိုန်ဒေသ နောင်မွန်မြို့နယ်ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးအသေး ၁၀ လုံးထက်မနည်း ကျဲချခဲ့ပြီး အရပ်သားတစ်ဦး၏ ဘယ်ဘက်ခြေဖဝါး ထိခိုက်ပြုတ်ထွက်သွားကာ နေအိမ်များနှင့် လမ်းများ စသည်တို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက MNDAA သိမ်းပိုက်ထားသော နယ်မြေများကို ဆက်တိုက်သလို ဗုံးကျဲလျက်ရှိရာ ၁ လအတွင်း ဗုံးကျဲမှုများကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

default
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article