30 C
Yangon

ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် မွန်းလွဲ ၁နာရီ ဝန်းကျင်ခန့်တွင် ကောလင်းမြို့နယ်ရှိ တဂေါင်းရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပစ်တာက ရွာစာသင် ကျောင်းကို ပစ်မှတ်ထားပစ်ခတ်တာ။ဘာသတင်းရလို့တော့မသိဘူး။မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ပစ်တာက Rocketနဲ့ရာ စက်လက်နဲ့ရာပစ်တာ။အဲလိုပစ်ခတ်လို့ ပြည်သူထဲက လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယာက် ကျည်စထိမှန်ထားတာရှိတယ်။လူကြီးက လက်ထိတယ်။ကလေးက ခြေထောက်ထိတယ်။နှစ်‌ယောက်စလုံးက‌တော့အသက်အန္တရယ်တော့ မစိုးရိမ်ရဘူးလို့” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရဟတ်ယာဉ်သည် ကန်ဘလူမြို့နယ် ၆၀၀၆ တပ်ရင်းမှ တက်လာခြင်းဖြစ်ကြောင်း။ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း လူနေအိမ်နှင့် စာသင်‌ကျောင်းများ ပျက်စီးမှုရှိနိုင်ပြီး နောက်ထပ် ၁ ကြိမ် စစ်တပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မည်ကို ပြည်သူများ စိုးရိမ်ပြီး သွားရောက်မကြည့်ရဲဘဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ အနောက် ခြမ်းရှိ တကောင်းအိုင်ရွာ ဘုန်းကြီးကျောင်း၊ ဥက္ကံရွာနှင့် မူတိမ်ရွာ အနီးတို့ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုကိုလည်း ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

“လောလောဆယ်ကတော့ အနောက်ခြမ်းမှာ ဝဲနေတုန်းပါက။ ၅ကြိမ်တိုက်သွားတယ်။ တကောင်းအိုင်နဲ့ ဒီဥက္ကံရွာ ပတ်ချာလည်က ဒီတောစပ်တွေ ပစ်သွားတာပေါ့။ ကောလင်းမြို့ အနောက်ခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူလာလုပ်ပါတယ်။ ၅ ကြိမ် တိုင်တိုင်လုပ်ထားပါတယ်။ လက်ရှိ အခြေအနေထိပေါ့” ဟု ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article