လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊စက်တင်ဘာ ၂၈
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို စက်တင်ဘာလ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ရွေးကောက်ပွဲတို့ကို ပြည်သူများ အနေနှင့် တတ်နိုင်သမျှနည်းလမ်းများနှင့် ဆန့်ကျင်ကြရန် တိုက်တွန်းသည့် အနေနှင့် အဆိုပါ လှုပ်ရှားမှုကို “စစ်ကောင်စီ သန်းခေါင်စာရင်းကို ငြင်းဆန်ကြ၊ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။