30 C
Yangon

ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြု ဆုငွေ ချီးမြှင့်

Must read

ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြု ဆုငွေ ချီးမြှင့်

ရန်ကုန်၊စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ ရဲစန်းမှ ရဲတပ်သား ၁ ဦး လက်နက်များ ယူဆောင်ပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း Salingyi Revolution Eagles (SRE) အဖွဲ့က ပြောဆိုသည်။

မေလ ၂၆ ရက်နေ့တွင် ည ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား မောင်ထူး ကောင်းဆက် (ခ) ထူးကြီးသည် G3 သေနတ် ၁ လက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ဘောက်၊ ဓား ၁ ချောင်းတို့ ယူဆောင်လာပြီး ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ တပ်ခွဲ ၄ Salingyi Revolution Eagles (SRE) အဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သော ရဲတပ်သား မောင်ထူးကောင်းဆက် (ခ) ထူးကြီးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး ရဲတပ်သား မောင်ထူးကောင်းဆက် (ခ) ထူးကြီး ၏ ဘဝရှေ့ရေး အဆင် ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေး နှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article